ခြေထောက် ကြွက်တက်ခြင်း
ခြေထောက်ရှိ ကြွက်သားများ( ခြေသလုံး၊ ခြေဖဝါး၊ ပေါင်) ရုတ်တရက် တင်းလာကာ နာကျင်ခံစားရခြင်းဟာ အန္တရာယ်မရှိတဲ့ အခြေအနေဖြစ်သော်လည်း အဖြစ်များတာ တွေ့ရပါတယ်။
ကြွက်တက်ပြီးတဲ့နောက်တွင် ခြေထောက်မှာ နာရီအတော်ကြာထိ နာကျင်မှု ကျန်ရစ်နေတတ်ပါတယ်။ ညဘက်အိပ်နေရင်း ဖြစ်တတ်ပါတယ်။ ကြွက်တက်နေစဥ်မှာ သက်ဆိုင်ရာကြွက်သားဟာ ရုတ်တရက်ကြုံ့သွားကာ လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်ပါတယ်။
အကြောင်းအရင်းများ
- တိကျသောအကြောင်းအရင်းမရှိဘဲ ဖြစ်ခြင်း
- ကိုယ်ဝန်ဆောင်ကာလ
- ကိုယ်လက်ရှားမှု အပြင်းအထန်ပြုလုပ်မိခြင်း
- ဆေးဝါးအချို့ (ဥပမာ ခန္ဓာကိုယ် အတွင်း ကိုလက်စရောအဆီကို ကျစေသော Statin ဆေးအုပ်စု)
- အသည်းရောဂါပြသာနာများ စတာတွေပါပဲ။
ကြွက်တက်ရင် ဘာလုပ်ရမလဲ?
ကြွက်မတက်အောင် ဘယ်လိုလုပ်သင့်သလဲ?
- ပတ်လက်အိပ်လျှင် ခြေချောင်းများ အပေါ်သို့ထောင်နေတဲ့ အနေအထား ဖြစ်နေသင့်ပါတယ်။ ဒါကြောင့် ကုတင်ရဲ့ အဆုံးမှာ ခေါင်းအုံးတစ်လုံးထားပါ။ ခြေဖဝါးနှစ်ဖက်က ထိုခေါင်းအုံးနဲ့ ကပ်ထားလိုက်ပါ။ ခြေသလုံးကြွက်သားကို ဆွဲဆန့်တဲ့အနေအထား (Calf muscle stretching) ဖြစ်ပါတယ်။
- မှောက်လျက်အိပ်လျှင် ခြေဖဝါးနှစ်ဖက်ကို ကုတင်အစွန်းကို အနည်းငယ် ကျော်ထုတ်ထားလိုက်ပါ။ ဒီအနေအထားသည် ခြေဖဝါးကို ဖြေလျော့စေပြီး ကြွက်သလုံးရှိကြွက်သားများ တောင့်ခြင်း၊ ကြုံ့ခြင်းမဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။